Airbus debuted their passenger plane the A220-300 at the Yangon International Airport. The A220-300 features a brand new and more comfortable cabin layout and is capable of seating 143 passengers.
The test flight is part of Airbus’s two-week demonstration tour in the Asia-Pacific region. Airbus’s marketing manager Christine De Gagne said this a single-aisle passenger plane that is more cost-efficient compared previously made passenger planes.
According to Airbus the A220-300, is being operated successfully in the Asia-Pacific region by Korean Air for both domestic and international flights. In February 2019 Air Vanuatu ordered four A220s, including two A220-100s and two A220-300s.
Therefore, the Asia-Pacific region is already an important market for Airbus, which has previously sold the A319 plane to Myanmar Airways International (MAI). Orders from the Asia-Pacific Region accounts for a third of the European manufacturer’s total order book and a third of its revenue.
Airbus forecasts a bright future for the air travel in Myanmar, passenger traffic is expected to grow at a rate of over 7 percent per year over the next 20 years.
Airbus holds over 60% of the market share in the region, with more than 3,000 aircraft in service across 80 airlines, on top of that there are over 1,500 aircraft on order for future delivery. Globally Airbus has received 19,428 orders and has delivered 12,152 aircrafts.
Airbus is currently manufacturing aircrafts in France, China and U.S. and has generated over 64 billion euros.
Airbus ကုမ္ပဏီက ထုတ်လုပ်သည့် A220-300 ခရီးသည်တင်လေယာဉ်အမျိုးအစားကို
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် စမ်းသပ်ပျံသန်းကာ မိတ်ဆက်ခဲ့သည်။
ယင်းသို့ စမ်းသပ်ပျံသန်းခြင်းသည် အာရှ-ပစိဖိတ်ဒေသတွင်း နှစ်ပတ်ကြာပျံသန်းခြင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး
လျှောက်လမ်းတစ်လမ်းသာပါသည့် A 220-300 လေယာဉ်များသည် ယခင်က ရောင်းချခဲ့သည့် လေယာဉ်များထက်
ခရီးစဉ်လမ်းကြောင်းတစ်လျှောက် ကုန်ကျစရိတ်သက်သာသည့် အားသာချက်ရှိကြောင်း ဈေးကွက်မန်နေဂျာ Christine De Gagne က ဆိုသည်။
အဆိုပါ ခရီးသည်တင်လေယာဉ်တွင် ထိုင်ခုံအရေအတွက် ၁၄၃ ခုံထိပါဝင်ပြီး ထိုင်ခုံအမျိုးအစားခွဲခြားထားခြင်းမရှိကြောင်း သိရသည်။
လက်ရှိတွင် A 220-300 လေယာဉ်ကို Korean Air လေကြောင်းလိုင်းမှ ပြည်တွင်း ပြည်ပခရီးစဉ်များအတွက် အသုံးပြုနေသည်။
ထိုကြောင့် အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများသည်Airbus ကုမ္ပဏီအတွက် အရေးပါပြီး မြန်မာဈေးကွက်တွင်လည်း
Myanmar Airways International (MAI) ကိုလည်း A319 လေယာဉ်အမျိုးအစားကို ရောင်းချထားပြီး ပြည်ပခရီးစဉ်များပျံသန်းနေသည်။
အာရှ-ပစိဖိတ်ဒေသတွင်းနိုင်ငံများ၏ လေယာဉ်မှာယူမှုမှာ ဥရောပနိုင်ငံများ၏ လေယာဉ်အမှာထက်
သုံးပုံတစ်ပုံများပြားကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။
Airbus ကုမ္ပဏီထုတ်လေယာဉ်များကို လာမည့်နှစ် ၂၀ အတွင်းတွင် ခရီးသည်စီးနင်းမှု ၇ ရာခိုင်နှုန်းမြင့် တက်လာပြီး
မြန်မာပြည်ဈေးကွက်၏ ၀ယ်ယူမှုမြင့်တက်လာနိုင်ကြောင်း အဆိုပါကုမ္ပဏီမှ သုံးသပ်သည်။
ကုမ္ပဏီအနေဖြင့် အာရှ-လေကြောင်းလိုင်း ၈၀ သို့ လေယာဉ်စီးရေ ၃၀၀၀ ရောင်းချထားပြီး ဆောက်လုပ်ဆဲ
လေယာဉ် အစီးရေ ၁၅၀၀ ရှိကြောင်း သိရသည်။ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် လေယာဉ်ဝယ်ယူရန် အမှာစာ
၁၉၄၂၈ စီးရရှိထားပြီး ၁၂၁၅၂ စီး ပေးအပ်ပြီးဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီမှ သိရသည်။
ယင်းလေယာဉ်များကို ပြင်သစ်၊ တရုတ်နှင့် အမေရိကန်တို့တွင် တည်ဆောက်ဆောက်ပြီး
၂၀၁၈ ခုနှစ်တွင်ဝင်ငွေ ယူရို ၆၄ ဘီလီယံရှိကြောင်း အဆိုပါကုမ္ပဏီမှ သိရသည်။