Internship Program

သင့်လုပ်ငန်းအတွက် လုပ်သားစွမ်းဆောင်ရည်ကို အမြင့်ဆုံး မြှင့်တင်ပါ။

သင်၏ကုမ္ပဏီတွင် အလုပ်သင်တစ်ယောက်ကိုငှားရမ်းခြင်းသည် သင်၏ဝန်ထမ်းရှာဖွေစုဆောင်းရေးလုပ်ငန်းစဉ်အတွက် အလားအလာရှိသော အရည်အချင်းရှိသူများကို တွေ့ရှိနိုင်ခြင်း၊ အနာဂတ်တွင် သင့်ကုမ္ပဏီ၌အမြဲတမ်းဝန်ထမ်း အဖြစ် လုပ်ကိုင်မည့်အချိန်အတွက် လိုအပ်သည်များကို အလုပ်သင်ဘဝတွင် ကြိုတင်လေ့ကျင့်ပေးထားနိုင်ခြင်း နှင့် ကျွမ်းကျင်လုပ်သားများ ပေါ်ပေါက်လာရေးအတွက် မြန်မာပြည်၏ပညာရေးစနစ်ကို တဖက်တလမ်းမှ ကူညီပံ့ပိုးပေးနိုင်ခြင်းတို့ အတွက် အကောင်းဆုံးနည်းလမ်း ဖြစ်ပါသည်။

CCI France Myanmar သည် စီးပွားရေးကျောင်းများ၊ တက္ကသိုလ်များနှင့် ပြင်သစ်နိုင်ငံရှိအဆင့်မြင့် သင်ကြားရေးဆိုင်ရာအခြားကျောင်းများ (အင်ဂျင်နီယာ၊ ဆက်သွယ်ရေး၊ စီမံခန့်ခွဲမှု၊ …) နှင့် အလုပ်သင်ခန့်ထားရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများရှိပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိတက္ကသိုလ်များ၊ လေ့ကျင့်ရေးစင်တာများနှင့်လည်း အလုပ်သင် ခန့်ထားရေးအတွက် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။

သင်၏ကုမ္ပဏီတွင် အလုပ်သင်ခန့်ထားရန် အကူအညီတောင်းခံလိုပါက အောက်ပါဖောင်ကို ဖြည့်ပေးပါ။

Upcoming Events

Upcoming Trainings