ပြင်သစ်- မြန်မာ ကုန်သည်ကြီးများအသင်းသည် ၂၀၂၀၊ ဇန်နဝါရီလတွင် ပြင်သစ် ကုမ္ပဏီ ၁၅ ခုအပါအဝင်ဖြစ်သော ၎င်း၏မိတ်ဖက်အသင်းဝင် ကုမ္ပဏီပေါင်း ၂၄ ခုနှင့် အတူ Times City ၏ ရုံးအဆောက်အအုံသစ်သို့ပြောင်းရွှေ့ခဲ့သည်။ ပြင်သစ်- မြန်မာ ကုန်သည်ကြီးများအသင်း၏ မိတ်ဖက်ကုမ္ပဏီများမှာ Acteus, Action Contre la Faim, Archetype, Audier & Partners, Bioderma, Bred Bank, Dentons Rodyk, EDF၊ ERA Myanmar, Freyssinet, Group Seb, Havas Riverorchid, JDI Engineering, Luma / MSH, MLR Legal Services, Myanmar Assistance, MyWorld / FocusCore, nexlabs, Razel-Bec, Schneider Electric, TOA Paint, Ulink Assist နှင့် Vinarco တို့ ဖြစ်ကြပါသည်။
မိတ်ဖက်ကုမ္ပဏီ အသင်းဝင်များအကြားပိုမိုခိုင်မာသော အဆက်အသွယ်များနှင့် ခင်မင် ရင်းနှီးမှုများကိုတည်ဆောက်ရန်၊ စီးပွားရေးနှင့်ပတ်သတ်သော အရင်းအမြစ်များကိုစုစည်းရန်နှင့် သတင်းအချက်အလက်မျှဝေရန် တို့ကို ပူးပေါင်းလုပ်ဆောင်နိုင်ရန်အတွက် ပြင်သစ်- မြန်မာ ကုန်သည်ကြီးများအသင်း မှတိုက်ရိုက်ပံ့ပိုးမှုဖြင့် HUB France Myanmar ကိုဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
HUB France Myanmar တွင်ကျွန်ုပ်တို့၏စီးပွားရေးစင်တာဖြစ်သော LeBooster Yangon ရှိ ရုံးခန်းအငှားဝန်ဆောင်မှုကို အသုံးပြုသော ကုမ္ပဏီများလည်ပါဝင်ပါသည်။
HUB France Myanmar ကို MEDEF International ကိုယ်စားလှယ်အဖွဲ့ ရန်ကုန်သို့လာရောက်စဉ် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံအမတ်ကြီး H.E Mr. Christian Lechervy ကိုယ်တိုင်တက်ရောက်ပြီး ဖေဖော်ဝါရီ ၂၀၂၀ တွင် HUB France Myanmar ကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပါသည်။






















