ပြင်သစ်ကုန်သည်ကြီးများအသင်းမှ ၂၀၂၁ မြန်မာ့လစာစစ်တမ်းကောက်ယူမှု အတွက် ပါဝင်နိုင်ပါရန် ဖိတ်ခေါ်ခြင်း။

ပြင်သစ်ကုန်သည်ကြီးများအသင်းမှ ၂၀၂၁ မြန်မာ့လစာစစ်တမ်းကောက်ယူမှု အတွက် ပါဝင်နိုင်ပါရန် ဖိတ်ခေါ်ခြင်း။

ရန်ကုန် - CCI France Myanmar (ပြင်သစ်- မြန်မာ ကုန်သည်ကြီးများအသင်း) သည် နှစ်စဉ်ထုတ်ဝေနေကျ ဖြစ်သော မြန်မာ့လစာစစ်တမ်းအတွက် စစ်တမ်းအဖြေများ ကောက်ယူခြင်းကို ၂၀၂၁ အတွက် ကုမ္ပဏီများပါဝင်ဖြေဆိုနိုင်ရန် ထုတ်ပြန်လိုက်ပြီဖြစ်ပါသည်။ ယခုနှစ်အတွက် လစာစစ်တမ်းကောက်ယူခြင်းမေးခွန်းလွှာသည် ၄ ကြိမ်မြောက်ကောက်ယူခြင်းဖြစ်ပြီး  ပြင်သစ်- မြန်မာ ကုန်သည်ကြီးများအသင်းသည် မြန်မာနိုင်ငံတွင် ဤကဲ့သို့သော စစ်တမ်းမျိုးကို အများပြည်သူအတွက် အခမဲ့ ဖြန့်ဝေပေးသော ပထမဆုံးအဖွဲ့အစည်းလည်း ဖြစ်ပါသည်။

ဤအွန်လိုင်းမေးခွန်းလွှာသည် အခမဲ့ဖြစ်သည့်အပြင် ၁၀၀% အမည်မသိ ကောက်ယူခြင်းဖြစ်ပြီး စီးပွား‌ရေးလုပ်ငန်းများ၏ ကဏ္ဍအလိုက် အဓိကရာထူးများအတွက် တနိုင်ငံလုံး အတိုင်းအတာဖြင့် လစာနှင့်ပတ်သက်သောအချက်အလက်များကို စုဆောင်းတင်ပြပေးနိုင်ရန် ရည်ရွယ်ပါသည်။

ယခု ၂၀၂၁  လစာစစ်တမ်းကောက်ယူမှု၏ ထူးခြားချက်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဖြစ်ပေါ်လာသော နောက်ဆက်တွဲ စီးပွားရေးအခက်အခဲများက လစာနှင့်လူ့စွမ်းအားအရင်းအမြစ်အပေါ် မည်သို့သက်ရောက်မှုရှိကြောင်းကို အကဲဖြတ်ရန်အတွက် မေးခွန်းများကိုလည်း စစ်တမ်းတွင် ထည့်သွင်းထားပါသည်။

စစ်တမ်းရလဒ်များကို ၂၀၂၁ ခုနှစ်မေလတွင် ထုတ်ပြန်နိုင်ရန် ရည်ရွယ်ထားပြီး ၎င်းရလဒ်များကို အွန်လိုင်းမှတဆင့် မည်သူမဆို အခမဲ့ ဖတ်ရှုလေ့လာနိုင်ရန် ထုတ်ပြန်ပေးမည် ဖြစ်ပါသည်။ ယခုနှစ်လစာစစ်တမ်းထုတ်ဝေမှုသည် ကူးစက်ရောဂါစတင် မဖြစ်ပွားမီနှင့် ကူးစက်ရောဂါ ဖြစ်ပွားပြီး တစ်နှစ်အကြာ လစာ၏ဆင့်ကဲပြောင်းလဲမှုများကို ထည့်သွင်းဖော်ပြပေးမည်ဖြစ်ပြီး ၎င်းနှိုင်းယှဉ်ချက်သည် နိုင်ငံအတွင်းလုပ်ကိုင်လျက်ရှိသော စီးပွားရေးလုပ်ငန်းများအတွက် လက်တွေ့ အသုံးဝင်သော သတင်းရင်းမြစ် ဖြစ်ပါသည်။

CCI France Myanmar ၏အမှုဆောင်ဒါရိုက်တာ Mr. Guillaume Rebière က “ဒီလစာစစ်တမ်းက မြန်မာနိုင်ငံရဲ့ လုပ်သားအရင်းအမြစ်ကို ဈေးကွက်ပေါက်ဈေးနဲ့ အညီ ငှားရမ်းလိုတဲ့ စီမံခန့်ခွဲသူများအတွက်  အလွန်အစွမ်းထက်ပြီး အသုံးဝင်တဲ့ စစ်တမ်း ဖြစ်ပါတယ်။” ဟုရှင်းပြသည်။ “လုပ်ငန်းတခုချင်းစီအနေနဲ့ ဒီလို တနိုင်ငံလုံးအတိုင်းအတာရှိတဲ့ စီးပွားရေးအချက်အလက်ကို ကိုယ်တိုင်ရယူဖို့ဆိုရင် အများပြည်သူနဲ့ ထိတွေ့ဆက်ဆံဖို့ သူတို့ရဲ့ကိုယ်ပိုင်ဒစ်ဂျစ်တယ်ကိရိယာတွေကို မဖြစ်မနေတည်ဆောက်ရမှာမို့ ကုန်ကျစရိတ် အင်မတန် ကြီးမားပါလိမ့်မယ်။ ဒီလစာစစ်တမ်းကိုအများပြည်သူအခမဲ့ အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးရခြင်းက ကျွန်တော်တို့လို ကုန်သည်ကြီးများအသင်းရဲ့ တာဝန်တစိတ်တပိုင်းလို့ ခံယူထားပါတယ်။ ပြီးတော့ ကျွန်တော်တို့ထုတ်ဝေတဲ့ လစာစစ်တမ်းရလဒ်တွေက သက်ဆိုင်ရာ နယ်ပယ်အလိုက်မှာ ရှိတဲ့ လစာစစ်တမ်းရလဒ်များကို စုပေါင်းဖော်ပြတာ ဖြစ်တဲ့ အပြင်  ကုမ္ပဏီ တခုချင်းစီရဲ့ လစာ အချက်အလက်တွေကို ကောက်ယူတာ မဟုတ်တာကြောင့် ကုမ္ပဏီများအနေနဲ့  မိမိအဖွဲ့အစည်းရဲ့ လစာနှင့်ပတ်သတ်သော သတင်းအချက်အလက်များမပေါက်ကြားစေရေးအတွက် ကျွန်တော်တို့က အာမခံနိုင်ပါတယ်။” ဟုလည်းထပ်မံရှင်းလင်းပြောကြားပေးသွားပါသည်။

ပြီးခဲ့သည့်နှစ်က မြန်မာ့လစာစစ်တမ်း(တတိယအကြိမ်)ထုတ်ဝေမှုသည် မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ကိုင်နေကြသော စီးပွားရေးကဏ္ဍမျိုးစုံ၏ ကုမ္ပဏီများနှင့်ပညာရှင်များထံမှ စစ်တမ်းဖြေဆိုမှု (၅၀၀) ကျော်ကို ကောက်ခံ ရရှိခဲ့ပြီး ၎င်း ၂၀၂၀ လစာစစ်တမ်းကို https://bit.ly/3d7NlER ယခုလင့်တွင် ဒေါင်းလုပ်ရယူနိုင်ပါသည်။

ပြင်သစ်-မြန်မာကုန်သည်ကြီးများအသင်းအနေဖြင့် ယခု ၂၀၂၁ အတွက် စစ်တမ်းကောက်ယူမှုတွင် ပိုမိုများပြားသော ကုမ္ပဏီများ ပါဝင်ဖြေဆိုပေးပါရန် မျှော်လင့်ပါသည်။ ဤကဲ့သို့ မိမိ အဖွဲ့အစည်းအတွက်ရော၊ အခြားအဖွဲ့အစည်းများအတွက်ပါ အသုံးဝင်သည့် လစာစစ်တမ်းတွင် ပါဝင်ဖြေဆိုလိုသော ကုမ္ပဏီများအနေဖြင့်အောက်ပါလင့်ကိုနှိပ်၍ စစ်တမ်းကိုပါဝင်ဖြေဆိုနိုင်ပါသည်။

https://www.surveymonkey.com/r/mmsalarysurvey2021