မြန်မာ့အကောင်းဆုံးအလုပ်နေရာ ၁၀၀ ထွက်ပေါ်လာ

မြန်မာ့အကောင်းဆုံးအလုပ်နေရာ ၁၀၀ ထွက်ပေါ်လာ

MyJobs မှမြန်မာနိုင်ငံရှိ ဝန်ထမ်းများ အလုပ်လုပ်ချင်ဆုံး လုပ်ငန်းရှင် စာရင်းကို ထုတ်ဖော်နိုင်ခဲ့သည်။ ယခုစာရင်းကို ရရှိအောင်  မြန်မာ့ တတ်သိပညာရှင် ၄၀၀၀ နီးပါးက မဲပေးရွေးချယ်ခဲ့သော အချက်အလက်များကို စုဆောင်း သုံးသပ်ထားခြင်းဖြစ်သည်။ ယခု အစီရင်ခံစာသည် ဖြေဆိုသူများ ကိုယ်တိုင်တွေ့ကြုံခဲ့ရသော အတွေ့အကြုံများနှင့် လုပ်ငန်းခွင်တန်ဖိုးထားမှုအချက်များအပေါ် အခြေခံထားသည်။

ထိပ်တန်း ကုမ္ပဏီ ၁၀ ခု မှာ

  1. Max Myanmar Group of Companies
  2. KBZ Group of Companies
  3. Yoma Strategic Holdings Ltd.
  4. Ooredoo Myanmar
  5. AYA Bank
  6. Unilever
  7. DKSH Myanmar
  8. MPT
  9. Shwe Taung Group
  10. MyTel

ကုမ္ပဏီ ၁၀၀  စာရင်း ကို ယခုနေရာတွင် ကြည့်ရှုနိုင်ပါသည် 100 Great Places to Work in Myanmar.

 

စစ်တမ်းတွေ့ရှိချက်များအပေါ် MyJobs အမှုဆောင်အရာရှိချုပ် Harry Antarakis က   “ပထမအနေနဲ့မြန်မာနိုင်ငံမှာ အလုပ်လုပ်ရန် အကောင်းဆုံး အလုပ်ရှင် နံပါတ် အဖြစ်မဲပေးခံရခြင်းအတွက် Max Myanmar ကို ဂုဏ်ပြုကြိုဆိုပါတယ်။ ကျွန်ုပ်တို့သည် ဤသုတေသနစစ်တမ်း၏ တာဝန်ရှိသူများအနေဖြင့် မည်သည့်အလုပ်ရှင်သည် အလွန်ကောင်းမွန်သည်ကို အလုပ်ရှာဖွေသူများ၊ ဝန်ထမ်းများ၏ အသံကို ကြားသိစေရန်အတွက် ရည်ရွယ်လုပ်ဆောင်ခဲ့ပါတယ်။ ကုမ္ပဏီတစ်ခုစီတွင် အလုပ်လုပ်ခြင်း၏ အမှန်တရားကို ရောင်ပြန်ဟပ်ရန် ကျွန်ုပ်တို့သည်ဘက်မလိုက်သောနည်းဖြင့် ဤစစ်တမ်းကို လုပ်ဆောင်ခဲ့ပါတယ်။ များစွာသော ဖြေဆိုသူတို့သည် သူတို့၏ အလုပ်ရှင်အား ထောက်ခံမည်ဟု ကြားရခြင်းသည် အားရှိစရာပင်ဖြစ်သော်လည်း အလုပ်ရှာနေသော  ဖြေဆိုသူ ၄၈% ကို ထောက်ပံ့ကူညီသွားရန် ဆက်လက်ဆောင်ရွက်သွားပါမယ်။ဟု ဆိုပါသည်။

Max Myanmar Group သည် စာရင်း၏ ထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့သည်။ ၎င်း၏ ၀န်ထမ်းများသည် ပညာရေးချေးငွေများနှင့်နှစ်စဉ်အပိုဆုငွေများစသောအကျိုးကျေးဇူးများကိုခံစားကြရသည်။ အရေးအကြီးဆုံးအချက်ကတော့ ကုမ္ပဏီသည် အလုပ်လုပ်ကိုင်သူမည်သည့်ဝန်ထမ်းအတွက်မဆို ရေးပါသည့် အလုပ်အကိုင်တိုးတက်မှုနှင့်ဖွံ့ဖြိုးမှုကိုထောက်ပံ့သည်။ အဆိုပါဝန်ထမ်းရဲ့  လှုမှုသာရေးကိစ္စများကို ယခုလို စိန်ခေါ် လျက်ရှိသော covid-19 ကူးစက်ရောဂါကာလအတွင်းမှပင် ဖြည့်တင်းပေးခဲ့သည်။ ဒီအချက်ကို လုပငန်းပြင်ပရှိ ဝန်ထမ်းများက သတိထား မှတ်ချက်ပြုမိကြသည် “ Max Myanmar က သူ့ရဲ့၀န်ထမ်းတွေကို ဘယ်လိုဂရုစိုက်တယ်ဆိုတာ ကျွန်တော်သဘောပေါက်ပါတယ်။ သူတို့အတွက်ကျွန်တော် အလုပ်လုပ်ချင်ပါတယ်။"ဟု မှတ်ချက်ပြုကြသည်။

စာရင်း၏ ဒုတိယနေရာတွင် KBZ ကုမ္ပဏီ အုပ်စု က ရပ်တည်နိုင်ခဲ့သည်။ ၎င်း၏အဓိက အခြေခံ အချက်မှာမြန်မာနိုင်ငံနှင့်ပြည်သူလူထုကို ထောက်ပံ့ အားဖြည့်ခြင်းဖြစ်သည်။ ၎င်း၏ ၀န်ထမ်းများက မြန်မာနိုင်ငံအပြောင်းအလဲများကို ဦးဆောင်နေသောအဖွဲ့အစည်း၏အစိတ်အပိုင်းဟု ခံစားကြရသည်။ မှတ်ချက်ပြုသည်မှ တွဲဖက်အမှုဆောင်အရာရှိချုပ်ဒေါ်မာလင်နန်ခမ်းနောင်း သည် ၂၀၂၀ ခုနှစ်တွင်အာဆီယံ၏ထိပ်တန်းစီးပွားရေးခေါင်းဆောင်များ ထဲတွင် တစ်ဦး အနေ ဖြင့်မြန်မာနိုင်ငံတွင်ဘဏ်ဏ္ဍရေးရာဆိုင်ရာ ဦးဆောင်နိုင်မှု နှင့်တန်းတူညီမျှမှုကို ပိုမိုနက်ရှိုင်းစေရေး အတွက်ထူးချွန်သောပံ့ပိုးမှုများကြောင့်အသိအမှတ်ပြုခြင်းခံခဲ့ရသည်။ ဝန်ထမ်းတစ်ဦးက “ KBZ အဖွဲ့ င်ဖြစ်ရတာကို ကျွန်တော်တို့အရမ်းဂုဏ်ယူတယ်။ အဖွဲ့အစည်း ထဲရှိ သူတိုင်းက ထူးခြားသော အရည်အသွေးများရှိကြပြီး အဖွဲ့အစည်းတိုးတက်ရေးအတွက် အထောက်အပံ့ ပြုကြပါတယ်။ "

ဖြေဆိုသူထက်ဝက်က၎င်းတို့သည်သူတို့၏လက်ရှိအလုပ်ကိုအားရကျေနပ်ကြောင်းပြောကြားခဲ့သည်။ သူတို့သည်ကောင်းမွန်သောခေါင်းဆောင်မှုစွမ်းရည်၊ လုပ်ငန်းခွင်ပတ်၀န်းကျင်ကောင်းစေခြင်း နှင့်ယဉ်ကျေးမှုပေါင်းစုံထားသော အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်ခြင်းကိုအချက်အလက်အချို့ကို မှတ်ချက်ပြုကြသည်။  ကျန်ဖြေဆိုသူထက်ဝက်က အလုပ်အကိုင်တိုးတက်မှုလမ်းကြောင်း၊ မပြည့်စုံသော စီမံခန့်ခွဲမှုနှင့် လုပ်ငန်းခွင်တွင် အလုပ်သမားဥပဒေများအားလိုက်နာရန်ပျက်ကွက်ခြင်းတို့က အလုပ်အပေါ် နှစ်သက်မှု မရှိခြင်းအကြောင်းအရင်းများဖြစ်သည်ဟုဖော်ပြခဲ့သည်။

ဖြေဆိုသူအများစုသည် အလုပ် လိုအပ်ချက်များ၏ ၁၀၀% နှင့် မပြည့်မီသောကြောင့် အလုပ်လျှောက်ရန် အခက်တွေ့နေကြသည်။ သို့သော် အသက် ၃၅ နှစ်အရွယ်ရှိ ၁၀ ဦးအနက် ဦးသည် ၁၀၀% မကိုက်ညီသော်လည်း ၎င်းအလုပ်ခေါ်စာကို ဆက်လက်လျှောက်မည်ဟုပြောကြားခဲ့သည်။ အကြောင်းရင်းမှာ အလုပ်လုပ်ရင်း သင်ယူသွားနိုင်သော အရည်အချင်းများရှိနိုင်သည်ဟု ယူဆသောကြောင့် ဖြစ်သည်။

စစ်တမ်း ရလာဒ်မှာ ရရှိလိုက်သည်မှာ ၉၅ ရာခိုင်နှုန်းနီးပါးဖြေဆိုသူတို့သည်သူတို့၏ လက်ရှိအလုပ်ရှင်နှင့်အလုပ်လုပ်နေစဉ်တိုးတက်မှုမရှိနိုင်ဟုခံစားရပြီး လာမည့်ငါးနှစ်အတွင်း အလုပ်မှ ထွက်ခွာရန်မျှော်လင့်နေကြသည်ဟုဆိုသည်။ အလုပ်ရှင်များသည် ၀န်ထမ်းထိန်းသိမ်းမှု နည်းဗျူဟာများ ပေါ်တွင် ပိုမို၍ လုပ်ဆောင်ရန်လိုအပ်လျက်ရှိသည်။ တိုးတက်မှု အခွင့်အလမ်းရှိသည့် လုပ်ငန်းခွင်တွင် အခြားနေရာတွင် သွားရောက်လုပ်ကိုင်ရန် ရွေးချယ်မည်မဟုတ်ကြောင်း ဖြေကြားသူများမှ မှတ်ချက်ပေးခဲ့သည်။

အသေးစိတ် စာရင်းများနှင့် သုံးသပ်ချက်များကို ယခုနေရာတွင် ကြည့်ရှုနိုင်ပါသည် 100 Great Places to Work in Myanmar.

Upcoming Trainings