The results of the second edition of the Myanmar Salary Survey are now online!

The results of the second edition of the Myanmar Salary Survey are now online!

CCI France Myanmar has just published today the results of its second anonymous salary survey launched in January 2019, available on its website to everyone for free.

The online questionnaire gathered a total of 585 answers from companies and professionals from all sectors operating in Myanmar. It is two times more than the 2018 first edition of the survey. Like the 2018 edition, the 2019 edition of the survey is 100% and completely anonymous, thus guaranteeing the confidentiality of the data.

It was important for this survey to be 100% anonymous”, says Mr. Guillaume Rebière, Executive Director of CCI France Myanmar. “Indeed, no company wants this kind of confidential information to be shared with competitors or on the market. At the same time, they also need information on the level of salaries in their sector. The anonymous online questionnaire guaranteed both anonymity and access to the data. No one, even in our team, was able to identify the respondents.

In addition, he also explains that “the main improvement in the 2019 edition of the survey compared to last year’s, is the calculation of the median salary in addition to the average salary, which makes the results much more reliable and representative of the reality of the market. This is the first publication of this kind of Myanmar, which provides data for free to anyone.

CCI France Myanmar now also runs more detailed sectorial salary surveys, like the Hotel Salary Survey 2019, which provides precise ranges of salaries by positions in the hotel sector in Myanmar. This confidential data was only made available to the 18 hotels, who agreed to participate in the study. The French Chamber plans on extending this service to other sectors soon.

The Myanmar Salary Survey will be launched and published annually. CCI France Myanmar hopes to continuously increase the number of participants to improve the quality and the reliability of the results year after year.

The French Chamber will host a public conference on 27th June 2019, at 8.30 am, at Lotte Hotel, to have Mr. Simon Bruce, General Manager of MyWorld Myanmar, present the results of the Myanmar Salary Survey 2019.

 

<Zawgyi>

CCI France Myanmar - ျပင္သစ္-ျမန္မာ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းက ဇန္န၀ါရီ ၂၀၁၉ မွာ ေကာက္ယူခဲ့ေသာ အမည္မသိ လစာစစ္တမ္းေကာက္ယူမႈရလဒ္မ်ားကို ယေန႔ ၂၈.၅.၂၀၁၉ မွာ website မွ တဆင့္ ထုတ္ေ၀လိုက္ပါတယ္။

အြန္လိုင္းေပၚမွ ေကာက္ယူခဲ့ေသာ ယင္းစစ္တမ္းတြင္ ျမန္မာႏိုင္ငံတြင္ လုပ္ကိုင္ေနၾကေသာ က႑ေပါင္းစံု အသီးသီးမွ ကုမၸဏီေပါင္း ၅၈၅ ခုထံမွ အေျဖမ်ားရရွိခဲ့ပါတယ္။ ၂၀၁၈ အတြက္ လစာစစ္တမ္းေကာက္ယူခဲ့စဥ္ကမူ ကုမၸဏီ ၂၄၃ ထံမွသာ ေကာက္ယူခဲ့ရျခင္း ျဖစ္ေသာေၾကာင့္ ယခုႏွစ္အတြင္း ပါ၀င္ေျဖဆိုေပးၾကေသာ ကုမၸဏီမ်ားမွာ ယမန္ႏွစ္ကထက္ ၂ဆေက်ာ္ပိုမိုပါ၀င္ေနသျဖင့္ ပိုမိုတိက်ေသာ ရလဒ္မ်ား ျဖစ္ပါသည္။ ၂၀၁၈ မွကဲ့သို႔ပင္ ယခုစစ္တမ္းသည္ ၁၀၀% အမည္မသိေကာက္ယူထားျခင္းျဖစ္ပါသည္။

“ဒီစစ္တမ္းက ၁၀၀% အမည္မသိလွ်ိဳ႕၀ွက္ေကာက္ယူဖို႔က အေရးအႀကီးဆံုးပါ။ လက္ေတြ႔မွာ ကုမၸဏီေတြအေနနဲ႔ လစာဆိုင္ရာကိုးကားအခ်က္အလက္ေတြကို အသံုးျပဳဖို႔ လိုအပ္ေနေပမယ့္လည္း ေစ်းကြက္ထဲမွာ ရွိေနတဲ့ ျပိဳင္ဘက္ ကုမၸဏီေတြနဲ႔ ဒီလိုအခ်က္အလက္မ်ိဳးကို မွ်ေ၀ဖို႔ မျဖစ္ႏိုင္ပါဘူး။ အြန္လိုင္းေပၚကေကာက္ယူတဲ့ ဒီစစ္တမ္းက မည္သည္႔ အခ်က္အလက္ကို မည္သူေျဖဆိုတယ္ဆိုတာ ကၽြန္ေတာ္တို႔ အဖြဲ႔အစည္းအပါအ၀င္ မည္သူမွ မသိႏိုင္ရေအာင္ စီမံထားတယ္ဆိုတာ အာမခံနိုင္ပါတယ္။” ဟု CCI France Myanmar ၏ အမႈေဆာင္ ဒါရိုက္တာ Mr. Guillaume Rebière ကေျပာၾကားပါသည္။

“၂၀၁၉ လစာစစ္တမ္းမွာ ဘာေတြ တိုးတက္လာသလဲဆိုေတာ့ ပ်မ္းမွ်လစာအျပင္ ေစ်းကြက္ ထဲမွာ တကယ္ရွိေနတဲ့ Median Salary ကိုပါထည္႔သြင္းေဖာ္ျပလာနိုင္တာကိုပါ။ Median Salary ကို သိရျခင္းအားျဖင့္ ပိုမို ယံုၾကည္စိတ္ခ်ရၿပီး လက္ေတြ႔မွာ ပိုမို အသံုး၀င္နိုင္ပါတယ္။ ဒီလစာစစ္တမ္းမ်ိဳးက ျမန္မာႏိုင္ငံမွာ ပထမဆံုးအခမဲ့ ထုတ္ေ၀တာျဖစ္ပါတယ္။” ဟုလည္း၄င္းက ထပ္မံရွင္းျပခဲ့ပါသည္။

CCI France Myanmar အေနျဖင့္ လုပ္ငန္းက႑တခုခ်င္းစီအတြက္လည္း အထူးလစာစစ္တမ္းမ်ားထုတ္ေ၀ရန္ႀကိဳးပမ္းလ်က္ရွိရာ ျမန္မာနိုင္ငံရွိ ဟိုတယ္မ်ားအတါက္ လစာစစ္တမ္းေကာက္ယူမႈျပဳလုပ္ခဲ့ၿပီး ဟိုတယ္၁၈ခုမွ ပါ၀င္ေျဖဆိုခဲ့ၾကပါသည္။ ယင္းရလဒ္မ်ားသည္လည္း အမည္မသိ လွ်ိဳ႕၀ွက္ေကာက္ယူျခင္းျဖစ္သည္႔အျပင္ ပါ၀င္ေျဖဆိုရန္ သေဘာတူညီေသာဟိုတယ္မ်ားသာ ဤရလဒ္မ်ားကို ၀င္ေရာက္ၾကည္႔ရွဳနိုင္ပါသည္။ ျပင္သစ္-ျမန္မာ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ယခုကဲ့သို႔ေသာ ၀န္ေဆာင္မႈမ်ားကို ထမ္မံတိုးခ်ဲ႕လုပ္ကိုင္သြားရန္လည္း အစီအစဥ္ရွိပါသည္။

ျမန္မာႏိုင္ငံ၏ လစာစစ္တမ္း The Myanmar Salary Survey ကို နွစ္စဥ္ေကာက္ယူ၍ ရလဒ္မ်ားကိုထုတ္ေ၀သြားရန္ အစီအစဥ္ရွိပါသည္။ CCI France Myanmar အေနျဖင့္ နွစ္စဥ္ပါ၀င္ေျဖဆိုသူ ကုမၸဏီအေရအတြက္ ပိုမိုမ်ားျပားလာၿပီး ပိုမိုတိက်ေသာ ရလဒ္မ်ားကို အမ်ားျပည္သူထံ ထုတ္ေ၀ေပးႏိုင္ရန္ ေမွ်ာ္မွန္းပါသည္။

ျပင္သစ္-ျမန္မာ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းအေနျဖင့္ ယခုထြက္ရွိလာေသာ Myanmar Salary Survey 2019 အေပၚ ထင္ျမင္ယူဆခ်က္မ်ားကို ေဆြးေႏြးေပးရန္ MyWorld Myanmar ၏ General Manager – Mr. Mr. Simon Bruce ကိုဖိတ္ေခၚထားၿပီး အဆိုပါ Public Conference ကို ဇြန္ ၂၇ ၂၀၁၉၊ အဂါၤေန႔တြင္ Lotte Hotel Yangon ၌က်င္းပသြားမည္ ျဖစ္ပါသည္။

 

<UNICODE>

CCI France Myanmar - ပြင်သစ်-မြန်မာ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းက ဇန်နဝါရီ ၂၀၁၉ မှာ ကောက်ယူခဲ့သော အမည်မသိ လစာစစ်တမ်းကောက်ယူမှုရလဒ်များကို ယနေ့ ၂၈.၅.၂၀၁၉ မှာ website မှ တဆင့် ထုတ်ဝေလိုက်ပါတယ်။

အွန်လိုင်းပေါ်မှ ကောက်ယူခဲ့သော ယင်းစစ်တမ်းတွင် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေကြသော ကဏ္ဍပေါင်းစုံ အသီးသီးမှ ကုမ္ပဏီပေါင်း ၅၈၅ ခုထံမှ အဖြေများရရှိခဲ့ပါတယ်။ ၂၀၁၈ အတွက် လစာစစ်တမ်းကောက်ယူခဲ့စဉ်ကမူ ကုမ္ပဏီ ၂၄၃ ထံမှသာ ကောက်ယူခဲ့ရခြင်း ဖြစ်သောကြောင့် ယခုနှစ်အတွင်း ပါဝင်ဖြေဆိုပေးကြသော ကုမ္ပဏီများမှာ ယမန်နှစ်ကထက် ၂ဆကျော်ပိုမိုပါဝင်နေသဖြင့် ပိုမိုတိကျသော ရလဒ်များ ဖြစ်ပါသည်။ ၂၀၁၈ မှကဲ့သို့ပင် ယခုစစ်တမ်းသည် ၁၀၀% အမည်မသိကောက်ယူထားခြင်းဖြစ်ပါသည်။

“ဒီစစ်တမ်းက ၁၀၀% အမည်မသိလျှို့ဝှက်ကောက်ယူဖို့က အရေးအကြီးဆုံးပါ။ လက်တွေ့မှာ ကုမ္ပဏီတွေအနေနဲ့ လစာဆိုင်ရာကိုးကားအချက်အလက်တွေကို အသုံးပြုဖို့ လိုအပ်နေပေမယ့်လည်း ဈေးကွက်ထဲမှာ ရှိနေတဲ့ ပြိုင်ဘက် ကုမ္ပဏီတွေနဲ့ ဒီလိုအချက်အလက်မျိုးကို မျှဝေဖို့ မဖြစ်နိုင်ပါဘူး။ အွန်လိုင်းပေါ်ကကောက်ယူတဲ့ ဒီစစ်တမ်းက မည်သည့် အချက်အလက်ကို မည်သူဖြေဆိုတယ်ဆိုတာ ကျွန်တော်တို့ အဖွဲ့အစည်းအပါအဝင် မည်သူမှ မသိနိုင်ရအောင် စီမံထားတယ်ဆိုတာ အာမခံနိုင်ပါတယ်။” ဟု CCI France Myanmar ၏ အမှုဆောင် ဒါရိုက်တာ Mr. Guillaume Rebière ကပြောကြားပါသည်။

“၂၀၁၉ လစာစစ်တမ်းမှာ ဘာတွေ တိုးတက်လာသလဲဆိုတော့ ပျမ်းမျှလစာအပြင် ဈေးကွက် ထဲမှာ တကယ်ရှိနေတဲ့ Median Salary ကိုပါထည့်သွင်းဖော်ပြလာနိုင်တာကိုပါ။ Median Salary ကို သိရခြင်းအားဖြင့် ပိုမို ယုံကြည်စိတ်ချရပြီး လက်တွေ့မှာ ပိုမို အသုံးဝင်နိုင်ပါတယ်။ ဒီလစာစစ်တမ်းမျိုးက မြန်မာနိုင်ငံမှာ ပထမဆုံးအခမဲ့ ထုတ်ဝေတာဖြစ်ပါတယ်။” ဟုလည်း၎င်းက ထပ်မံရှင်းပြခဲ့ပါသည်။

CCI France Myanmar အနေဖြင့် လုပ်ငန်းကဏ္ဍတခုချင်းစီအတွက်လည်း အထူးလစာစစ်တမ်းများထုတ်ဝေရန်ကြိုးပမ်းလျက်ရှိရာ မြန်မာနိုင်ငံရှိ ဟိုတယ်များအတါက် လစာစစ်တမ်းကောက်ယူမှုပြုလုပ်ခဲ့ပြီး ဟိုတယ်၁၈ခုမှ ပါဝင်ဖြေဆိုခဲ့ကြပါသည်။ ယင်းရလဒ်များသည်လည်း အမည်မသိ လျှို့ဝှက်ကောက်ယူခြင်းဖြစ်သည့်အပြင် ပါဝင်ဖြေဆိုရန် သဘောတူညီသောဟိုတယ်များသာ ဤရလဒ်များကို ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ ပြင်သစ်-မြန်မာ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် ယခုကဲ့သို့သော ဝန်ဆောင်မှုများကို ထမ်မံတိုးချဲ့လုပ်ကိုင်သွားရန်လည်း အစီအစဉ်ရှိပါသည်။

မြန်မာနိုင်ငံ၏ လစာစစ်တမ်း The Myanmar Salary Survey ကို နှစ်စဉ်ကောက်ယူ၍ ရလဒ်များကိုထုတ်ဝေသွားရန် အစီအစဉ်ရှိပါသည်။ CCI France Myanmar အနေဖြင့် နှစ်စဉ်ပါဝင်ဖြေဆိုသူ ကုမ္ပဏီအရေအတွက် ပိုမိုများပြားလာပြီး ပိုမိုတိကျသော ရလဒ်များကို အများပြည်သူထံ ထုတ်ဝေပေးနိုင်ရန် မျှော်မှန်းပါသည်။

ပြင်သစ်-မြန်မာ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းအနေဖြင့် ယခုထွက်ရှိလာသော Myanmar Salary Survey 2019 အပေါ် ထင်မြင်ယူဆချက်များကို ဆွေးနွေးပေးရန် MyWorld Myanmar ၏ General Manager – Mr. Mr. Simon Bruce ကိုဖိတ်ခေါ်ထားပြီး အဆိုပါ Public Conference ကို ဇွန် ၂၇ ၂၀၁၉၊ အင်္ဂါနေ့တွင် Lotte Hotel Yangon ၌ ကျင်းပသွားမည် ဖြစ်ပါသည်။

Name Size Type
salary_survey_2019_-_web.pdf 13.76 MB pdf