To participate in the survey, click here.
As the previous one, run in 2018, this survey is 100% anonymous, no information being collected on the companies who answer to the questionnaire. “Even our team doesn’t have access to individual answers, which are anonymous anyway”, explains Mr. Guillaume Rebiere, Executive Director of CCI France Myanmar. “We are only interested in big data, and we will only gather, analyze, and publish collective general data on sectors and positions. Which is why the more companies will participate in this study, the more accurate, reliable and representative the information will be”.
This survey is also available for free, since the results of the survey will be published on CCI France Myanmar’s website for anyone to download free of charge. “Which is why”, Mr. Rebiere continues, “by taking this survey and supporting us, companies are actually helping themselves, since they will have free access to valuable data regarding the level of salaries in their sectors. This is something unique in Myanmar, where business intelligence is scare and/or expensive”.
The Myanmar Salary Survey will be conducted every 6 months, in order to continuously provide up-to-date information to companies and to their employees. It is part of the free services that the French Myanmar Chamber of Commerce provide to support the sustainable development of companies in Myanmar.
The first survey, which was launched in June 2018, and published in August 2018, gathered answers from 243 companies from all sectors operating in Myanmar. The target for this second edition is to receive at least 500 participations.
This project is part of the activities implemented by the CCI France Myanmar’s Human Resources Committee, which brings together 15 Members of the French Myanmar Chambers of Commerce and Industry, representatives of the different sectors. This HR Committee aims at helping Members of CCI France Myanmar to discuss shared challenges, to exchange information and to implement projects together.
One of these other projects was the publication, in December 2018, of the first edition of the “Human Resources Guide to Myanmar”, which is available for free on CCI France Myanmar’s website.
{Burmese Version}
စစ်တမ်းတွင်ပါဝင်ဖြေဆိုရန် ဒီနေရာကိုနှိပ်ပါ။
၂၀၁၈ ခုနှစ်တွင် လစာစစ်တမ်းဆိုင်ရာ အချက်အလက်များကို ကောက်ယူခဲ့သကဲ့သို့ ယခုအခါတွင်လည်း ဤစစ်တမ်းအတွက် အချက်အလက်များကို ကောက်ယူရာတွင် စစ်တမ်းဖြေဆိုသူများ၏ အမည်၊ ကုမ္ပဏီနှင့် ဆက်သွယ်ရန် အီးမေးလ်။ ဖုန်း အစရှိသည်တို့ကို ကောက်ယူခြင်းမရှိဘဲယေဘုယျအချက်အလက်များဖြစ်သော မိမိလုပ်ငန်းလုပ်ကိုင်နေသည့် နယ်ပယ်၊ မိမိရရှိသော လစာနှုန်းထားတို့ကိုသာ စစ်တမ်းတွင်ကောက်ယူခြင်းဖြစ်သည်။ “ကျွန်တော်တို့က ဒီအချက်အလက်တွေကို အမည်မသိကောက်ယူတာပါ။ ကျွန်တော်တို့အဖွဲအစည်းက ၀န်ထမ်းတွေအပါအ၀င် မည်သူတဦးတယောက်ကမှ အချက်အလက် တခုချင်းစီကို ၀င်ရောက်ကြည့်ရှုခြင်းမပြုနိုင်အောင် စီစဉ်ထားပါတယ်။ ဒါကြောင့် ဒီစစ်တမ်းကို စိတ်ချလက်ချ ဖြေဆိုနိုင်ပါတယ်။”ဟု CCI France-Myanmar ၏ Executive Driector – Mr. Guillaume Ribere က ပြောကြားခဲ့သည်။ “ကျွန်တော်တို့က တဦးတယောက်ချင်းစီရဲ့စစ်တမ်းဖြေဆိုမှုဆိုင်ရာအချက်အလက်တွေကို ကောက်ယူမှာ မဟုတ်ဘဲ အများဖြေဆိုထားတဲ့ အချက်အလက်တွေကိုသာ လုံးပေါင်းကောက်ယူတာပါ။”
စစ်တမ်းကောက်ယူမှုတွေပြီးဆုံးသောခါ ၄င်းစစ်တမ်း၏ရလဒ်များကို CCI France-Myanmar ၏ website တွင်အခမဲ့ ရယူဖတ်ရှုကိုးကားနိုင်မည်ဖြစ်သည်။ “ဒါကြောင့်ပဲ ဒီစစ်တမ်းကို ဖြေဆိုပြီး ကူညီခြင်းဟာ ကုမ္ပဏီတွေ၊ ဖြေဆိုသူ ၀န်ထမ်းတွေဟာ မိမိ ကိုယ်ကို ပြန်ကူညီနိုင်ပါတယ်။ ဒီစစ်တမ်းရလဒ် ထွက်ရှိလာတဲ့အချိန်မှာ မိမိအလိုရှိသလို အခမဲ့ ပြန်လည်အသုံးချနိုင်ပါတယ်။ ဒီစစ်တမ်း မြန်မာပြည်ရဲ့ စီးပွားရေးလုပ်ငန်းစနစ် လည်ပတ်မှုအတွက် အတော့်ကို ထူးခြားတဲ့ ကိုးကားစရာ တခု ဖြစ်လာမှာပါ။” ဟုလည်း Mr. Guillaume Ribere က ထပ်မံပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏လစာစစ်တမ်း ကို up-to-date ဖြစ်စေရန်အတွက် သတင်းအချက်အလက်များကို လစဉ်ကောက်ယူနိုင်ရန် ကြိုးပမ်းနေကြာင်းလည်းသိရသည်။ ဤကဲ့သို့အခမဲ့ တိကျသောစစ်တမ်းများထုတ်ဝေရန်မှာ မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ်သော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ပြင်သစ်-မြန်မာ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း CCI France-Myanmar အနေဖြင့် ကဏ္ဍတခုမှ ပါဝင်လိုခြင်းကြောင့်ဖြစ်သည်။
မြန်မာနိုင်ငံ၏လစာစစ်တမ်းကို ပထမအကြိမ်အဖြစ် ၂၀၁၈ ဇွန်လတွင် အချက်အလက်များကောက်ယူခဲ့ပြီး ၂၀၁၈ သြဂုတ်လတွင် ထုတ်ဝေခဲ့သည်။ အဆိုပါစစ်တမ်းတွင် နယ်ပယ်အသီးသီးမှ ကုမ္ပဏီပေါင်း၂၄၃ ခုမှ ပါဝင်ခဲ့ပြီး ယခုတခါတွင်မူ ကုမ္ပဏီ၅၀၀ ခန့်ပါဝင်နိုင်ရန် မျှော်မှန်းထားသည်။
ယခု project ကို လုပ်ငန်းနယ်ပယ်အသီးသီးမှ အဖွဲ့ဝင်၁၅ဦးပါဝင်သော CCI France-Myanmar ၏ လူ့စွမ်းအားအရင်းအမြစ် ကော်မတီမှ လုပ်ငန်းဆောင်ရွက်မှု တခုအဖြစ် အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ လူ့စွမ်းအားအရင်းအမြစ် ကော်မတီသည် CCI France-Myanmar အဖွဲ့ဝင်များကို အခက်အခဲ အတွေ့အကြုံ များ မျှဝေဖလှယ်ခြင်း နှင့် လုပ်ငန်းဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများအား အကူအညီပေးနေခြင်းဖြစ်သည်။
CCI France-Myanmar ၏ လူ့စွမ်းအားအရင်းအမြစ် ကော်မတီ၏အကူအညီဖြင့်လည်း မြန်မာနိုင်ငံအတွက် လူသားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာလက်စွဲ စာအုပ် - Human Resource Guide To Myanmar ကို ၂၀၁၈ ဒီဇင်ဘာတွင် ထုတ်ဝေခဲ့ပြီး CCI France-Myanmar ၀က်ဘ်ဆိုဒ်တွင် အခမဲ့ ရယူဖတ်ရှုနိုင်ပြီဖြစ်သည်။